
0
255

ပေးဆပ်​မှုဆိုတာ”










ကိုယ်​တတ်​နိုင်​တာနှင့်​ သူ့ဘဝအတွက်​အကျိုးရှိ​စေမယ့်​ အရာ​တွေ​ပေးမှ စစ်​မှန်​တဲ့ ​ပေးဆပ်​မှုဖြစ်​လာမှာပါ။

ကိုယ်​မတတ်​နိုင်​တာကြီးကို ​ပေးပြီးသူ့ဘဝ​တော့ အဆင်​​ပြေသွား​ပေမယ့်







လေးစားစွာဖြင့်​ 😊😊😊

( Unicode )

ပေးဆပ်​မှုဆိုတာ”

​ပေးဆပ်​မှုတိုင်​းက အကျိုးပြန်​ရလိမ်​့မယ်​လို်​ ့

မထင်​ပါနဲ့ ဥပမာ အရက်​သမားတစ်​​ယောက်​ကိုအရက်​တိုက်​လိုက်​လို့ ကိုယ်​့​စေတနာမှန်​ကန်​တယ်​လို့ ​ပြောလို့မရပါဘူး။

​ဆေးစွဲ​နေတဲ့ ​ဆေးသမားတစ်​​ယောက်​ကို

သူလိုအပ်​​နေတဲ့ ​ဆေးဝယ်​လို့ရ​အောင်​ပိုက်​ဆံထုတ်​​ပေးလိုက်​တာက မှန်​ကန်​​သောပေးဆပ်​မှုလို့ ​ပြောလို့မရပါဘူး။

ကိုယ်​့ချစ်​သူ အ​သွေးအသားဆန္ဒအတွက်​ကိုယ်​့ဆန္ဒမပါဘဲ ကိုယ်​့ရဲ့အပျိုစင်​ဘဝကို​ပေးဆပ်​လိုက်​တာကလည်​း စစ်​မှန်​တဲ့ပေးဆပ်​မှုလို့ ​ပြောလို်​ ့မရပါဘူး။

တစ်​ချို့​သော ​ပေးဆပ်​မှု​တွေက ​ပေးလိုက်​မှတန်​ဖိုးဖြစ်​လာ​ပေမယ်​့ တစ်​ချို့​သော​ပေးဆပ်​မှု​တွေကပေးဆပ်​လိုက်​မှ တန်​ဖိုးပျက်​သွားတတ်​ပါတယ်​။

မိဘ​ကျေးဇူးဆပ်​တာပဲ ဆိုပြီးလမ်​းမှား​နေတဲ့ မိဘကို ပို ပိုပြီး လမ်​းမှားသွား​အောင်​ခဏတာစိတ်​ချမ်​းသာမှု ​ပေး​နေတာကလည်​းမှန်​ကန်​တဲ့ ​ပေးဆပ်​မှုလို့ ​ပြောမရပြန်​ဘူး။

လူ့ဘဝမှာ “အ​ပေးနဲ့အယူ” ဆိုတာ​သေ​သေချာ​တွေးကြည်​့ရင်​ အရမ်​း​လေးနက်​ပြီးဆိုးကျိုးနဲ့ ​ကောင်​းကျိုးကလည်​း ဒွန်​တွဲ​နေတတ်​ပါတယ်​။

ကျွန်​​တော်​့အမြင်​အရ စစ်​မှန်​တဲ့ ​ပေးဆပ်​မှုဆိုတာ တစ်​ဖက်​ကလိုအပ်​​နေတဲ့အရာရာတိုင်​းကို ဖြည်​့ဆည်​း​ပေးခြင်​းမဟုတ်​ပါဘူး

ကိုယ်​တတ်​နိူင်​တာနှင်​့ သူ့ဘဝအတွက်​အကျိုးရှိ​စေမယ်​့ အရာ​တွေ​ပေးမှ စစ်​မှန်​တဲ့ ​ပေးဆပ်​မှုဖြစ်​လာမှာပါ။

ကိုယ်​မတတ်​နိူင်​တာကြီးကို ​ပေးပြီးသူ့ဘဝ​တော့ အဆင်​​ပြေသွား​ပေမယ်​့

ကိုယ်​့ဘဝက ယိမ်​းယိုင်​သွားခဲ့ရင်​နှစ်​ဖက်​စလုံး ကို ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​​စေပြီးနှစ်​ဖက်​စလုံးကို စိတ်​ချမ်​းသာခြင်​းနှင်​့ ပီတိ​တွေ​ဝေဖြာ​စေမယ်​့ ​နေ့ရက်​​တွေ​ဝေးကွာသွား​စေတတ်​ပါတယ်​။

​ပေးဆပ်​မှုတိုင်​းမှာ ရလဒ်​​တော့ရှိ​ပေမယ်​့သင်​ခန်​းစာ​တွေချည်​းပဲ ရ​နေခဲ့ရင်​ကိုယ်​့အ​နေနဲ့ ​နောက်​တစ်​ခါ​ပေးဆပ်​ဖို့​ကြောက်​ရွံ့ တုန်​့ဆိုင်​းလာတတ်​ပါတယ်​။

ကိုယ်​​ပေးချင်​လို်​ ့ပဲ​ပေး​ပေးတာဝန်​အရပဲ​ပေး​ပေး ပေးဆပ်​မှုတိုင်​းမှာ အတိုင်​းအတာ ရှိသလို

​ပေးဆပ်​သင်​့တဲ့ အ​ခြေအ​နေနဲ့ အချိန်​အခါဆိုတာရှိ​နေတတ်​ပါတယ်​

ကိုယ်​့​ပေးဆပ်​မှု​ကြောင်​့ လူတစ်​​ယောက်​ရဲ့ ဘဝ​ပြောင်​းလဲတိုးတက်​သွားရင်​သူ သိတတ်​တာ မသိတတ်​တာ

အသာထား ကိုယ်​က​တော့ တဘဝလုံးပီတိဖြစ်​​နေရမှာ အမှန်​ပါပဲ။

​လေးစားစွာဖြင်​့ 😊😊😊
ဇင်​းနစ်​ မ​ကွေး(at6-50PM…….23-12-2017)