ရိုးရှင်းတဲ့အလှတရားကြောင့် မြေပဲပြုတ်ရောင်းရင်း ကမ္ဘာကျော်ဖြစ်သွားသူ

0
100

အလှအပကို လူတိုင်းက သဘောကျနှစ်ခြိုက်ကြပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လှတာလေးဆိုရင် မြင်ချင်၊ ကြည့်ချင်၊ ချစ်ခင်နှစ်သက်ချင်ကြတာ ဓမ္မတာပါဘဲ။ အလှအပကိုသာ မက်မောကြတာဟာ လူတိုင်းမှာတူညီတဲ့ အတ္တဖြစ်ပြီး၊ လူတိုင်းဟာ မိမိတို့ အတ္တရဲ့စေရာကိုလိုက်ပြီး အလှအပကို ရှာဖွေကြပါတယ်။ အလှအပကို တွေ့လိုက်တာနဲ့ ရှုမြင်သုံးသပ်ကြတယ်၊ ခံစားနှစ်ခြိုက်ကြတယ်။ ဒီအတွက် လူတွေကို လွန်တယ်လို့တော့ ပြောလို့ မရပါဘူး။

တစ်ချို့သော အမျိုးသမီးတွေက ဖြတ်ကနဲကြည့်လိုက်ရင် လှသယောင်ထင်ရပေမယ့်၊ ကြာကြာကြည့်လိုက်တာနဲ့ ချက်ချင်း ရိုးအီသွားတတ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေကျတော့ ချက်ချင်းလက်ငင်းအနေနဲ့ မလှဘူးထင်ရပေမယ့် အချိန်ကြာလာသည်နှင့်အမျှ တစိမ့်စိမ့် ထိုင်ကြည့်နေချင်စရာ ရုပ်ရည်လေးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။

အခုလည်း တက္ကသိုလ်တစ်ခုအနီးမှာ မြေပဲပြုတ်ရောင်းရင်း အသက်မွေးဝမ်းကြောင်း ပြုရရှာတဲ့ ကောင်မလေးတစ်ယောက်ဟာ ဖိလစ်ပိုင်လူမှုကွန်ယက်မှာ အတော်လး နာမည်ကြီးနေပါတယ်။ သူမဟာ အလုပ်ကို လက်မလည်အောင် လုပ်နေရတဲ့ ကြားက သူမမှာရှိတဲ့အလှတရားကို ထင်းကနဲ ဂရုပြုမိစေတဲ့ အလှပိုင်ရှင်မျိုးပါ။

ဈေးသည်ဖြစ်တဲ့အတွက် တစ်ခြားလုံမပျိုတွေလို အရမ်းကြီး ပြင်ဆင်ခြယ်သထားတာမျိုး မရှိဘဲ၊ ရိုးရိုးလေးလှနေပါတယ်။ အသက်အားဖြင့် (၁၈~၂၀) ဝန်းကျင်လောက်သာ ရှိဦးမယ်လို့ ထင်ရပါတယ်။ ဖူးပြီးပြည့်နေတဲ့နှုတ်ခမ်းလေးတွေ၊ ပါးအို့ပြည့်ပြည့်ဖောင်းဖောင်းလေး၊ ကြင်နာဟန်ရှိတဲ့ မျက်နက်ဝန်း၊ ဖူးဖူးလုံးလုံးလေးဖြစ်နေတဲ့ နှာတံ၊ ခဲဆွဲစရာမလိုတဲ့ မျက်ခုံး စတဲ့အလှတရားတွေဟာ အပြစ်ပြောရက်စရာတောင် မရှိပါဘူး။

ဒီဓာတ်ပုံလေးတွေကို Dale Camus အမည်ရ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက မနေနိုင်လွန်းလို့ ရိုက်ယူခဲ့တာလို့ ဆိုပါတယ်။ သူမဟာ TUP (Technological University of the Philippines – Cavite) အနီးမှာ မြေပဲပြုတ်အစရှိတဲ့ စားသောက်ဖွယ်ရာလေးတွေကို ရောင်းချနေသူဖြစ်ပြီး၊ Dale ဓာတ်ပုံရိုက်နေတယ်ဆိုတာ သိတော့ ပထမတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေပေမယ့် သူမ ဈေးရောင်းစရာရှိတာကို ဆက်ရောင်းနေတယ်လို့ Dale က ဆိုပါတယ်။

Dale ကတော့ အဆိုပါကောင်မလေးဆီကို နောက်တစ်ကြိမ် တကယ့် ပရိုဓာတ်ပုံဆရာတစ်ယောက်နဲ့ ဆက်သွားဦးမယ်လို့ ဆိုပါတယ်။ သူမရဲ့ နာမည်ကိုတော့ Dale က ဖော်ပြမထားပါဘူး။ သို့သော်လည်း ဒီပို့စ်ကို တင်ခဲ့တဲ့အတွက် Dale ဟာ သူရဲ့ချစ်သူနဲ့ တော်တော်လေး ပြေလည်အောင် ဖြေရှင်းချက်တွေ ပေးလိုက်ရသေးတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင် လူမှုကွန်ယက်မှာတော့ ဒီကောင်မလေးက ဘယ်သူလဲ … သူမရဲ့အကောင့်ကို လိုက်ရှာနေကြသူတွေ တစ်ပုံကြီးဖြစ်နေပြီလို့ ဆိုပါတယ်။

နေသူရိန် (MyanmarNote)

source : rachfeed.com