အမေနဲ့အတူကိုယ့်အသက်ရှင်နေတဲ့အချိန် ကာလပတ်လုံးဟာအမေများနေ့ပါဆိုတဲ့ မိုး​ဟေကို

0
1090



အမေနဲ့အတူကိုယ့်အသက်ရှင်နေတဲ့အချိန်ကာလပတ်လုံးဟာအမေများနေ့ပာဘဲ….!အမေများနေ့မှာ ကိုယ်ချစ်ရတဲ့ အမေနဲ့အတူနောင်နှစ်ပောင်းများစွာတိုင် ပျော်ရွင်ကြည်နူးစွာဖြတ်သန်းနိုင်ကျပာစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပာတယ်နော်❤️” ဆိုပြီး အ​မေများ​နေ့အမှတ်​တရ​လေးကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။


Myint Myat

( Unicode )

အချိန်တွေကြာညောင်းလေ ပိုပိုပြီးလှလာလေလို့ ပရိသတ်တွေအားလုံးက လက်ခံထားကြတဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာလေးဆိုလည်း မမှားပါဘူး။ သူမကတော့ ဒီနေ့ အမေများနေ့လေးမှာ မိဘနှစ်ပါးနဲ့အတူရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေနဲ့ နေ့ရက်တိုင်းက အမေများနေ့ဆိုတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ မိဘနှစ်ပါးနဲ့ဆို ကလေးတစ်ယောက်လိုဖြစ်သွားတဲ့ မိုးဟေကိုရဲ့ပုံရိပ်လေးတွေက အရမ်းကိုချစ်ဖို့ကောင်းနေတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်ဖို့ကောင်းတဲ့ မိုးဟေကိုတို့ မိသားစု လေးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုကတော့ “Happy Mother’s Day မိုး အတွက်တော့ အမေများနေ့ဆိုတာ
အမေနဲ့အတူကိုယ့်အသက်ရှင်နေတဲ့အချိန်ကာလပတ်လုံးဟာအမေများနေ့ပာဘဲ….!အမေများနေ့မှာ ကိုယ်ချစ်ရတဲ့ အမေနဲ့အတူနောင်နှစ်ပောင်းများစွာတိုင် ပျော်ရွင်ကြည်နူူးစွာဖြတ်သန်းနိုင်ကျပာစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပာတယ်နော်❤️” ဆိုပြီး အမေများနေ့အမှတ်တရလေးကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

မိုးဟေကိုကတော့ လတ်တလောမှာ သူကိုယ်တိုင်တည်ထောင်ထားတဲ့ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်ပြီး အရည်အသွေးရှိတဲ့ ဇာတ်ကားကောင်းလေးတွေကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အမေများနေ့မှာ မိခင်အပေါ်ထားတဲ့ သူမရဲ့စိတ်ထားလေးကို ပြောပြခဲ့တဲ့ မမမိုးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Moe Hay Ko’s Facebook