ကိုယ်လုံးတီး ဥယျာဉ် တရားဝင် ဖွင့်တော့မယ်
0
12711
Unicode
ပြင်သစ်နိုင်ငံမှာ သဘာဝအတိုင်း အဝတ်အစားမပါနဲ ့ ဖင်ပြောင် နေထိုင်ချင်သူတွေ Nudist Association of Paris (ANP) ရဲ ့ ဖိအားပေးတောင်း ဆိုမှုတွေ များပြား လာနေတော့ အာဏာပိုင်တွေလည်း နောက်ဆုံးမှာ ကိုယ်လုံးတီး ဥယျာဉ် nudist park အတွက် တရားဝင် နေရာစီစဉ်ပေးဘို ့ သဘောတူ လိုက်ရပြီပေါ့နော်။the Bois de Boulogne ဘွာဒီဘူလို နဲ ့ and the Bois de Vincennes, ဘွာဒီဗင်စင် မြို ့စွန်ကသစ်တော ဧရိယာ နှစ်နေရာကို ဖင်ပြောင်ကြိုက်သူများ အပန်းဖြေစခန်း အဖြစ် သတ်မှတ်ပေးမယ်တဲ့။
လောလောဆယ်ဖင်ပြောင်ချစ်သူတွေ အတွက် နေရာပေးထားတာရှိတယ် အဲဒိ် ရေကူးကန်မှာလည်း လူတွေကအရန်းများ ၊ ပြည့်ကြပ် နေရာမလောက်ဖြစ် လာပြီဆိုတော့ Green Party of Paris ပါတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး အဖွဲ ့က ဦးဆောင်ပြီး ဖင်ပြောင် ဥယျာဉ် လုပ်သင့်တဲ့ အဆိုကို တင်သွင်းလိုက်တယ်။ကိုယ်လုံးတီးနေခြင်းရဲ ့ ကျန်းမာရေးကတဲ့ ပိုက်ဆံကုန်သက်သာစေပြီး လွတ်လွတ်လပ်လပ်ရှိတယ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေလို ့ အသား အရေအတွက် ကောင်းလာစေတယ် ကောတီဇုန်း ဓါတ် ကို ထိန်းညှိပေးတယ်။
ခန္ဓာကိုယ်အတွင်း ဓာတ်မတည့်တာတွေ တိုက်ဖျက်ပေးတဲ့ ကော်တီဇုန်းဓါတ် ပုံမှန်ဖြစ်စေဖို့ အဝတ်မပါပဲ အိပ်စက်ခြင်းက ကူညီပေးတယ်လို ့လည်း ဆိုတယ်။နှစ်ခြိုက်စွာ အိပ်ရတဲ့အခါ ရလာတဲ့ အကျိုးကျေးဇူးကတော့ ကိုယ်တွင်း ဟိုမုန်းဓာတ် ဖွံ့ဖြိုးလာတာတာနဲ ့ လိင်မှုဘဝ သာယာစေတယ်လို ့ ကိုယ်လုံးတီး ချစ်သူတွေရဲ ့ ဆေးလောကကျန်းမာရေး သိကောင်းစရာတွေမှာဖေါ်ပြထားတယ်။
Source: မြန်မာသတင်းဦး သတင်းထူး