အိမ္တစ္လုံးတည္းမွာဘဲ ညီအစ္ကို (၅)ေယာက္လုံးနဲ႔ ယူၿပီး အတူေနတဲ့ အမ်ိဳးသမီး

0
758

အိႏၵိယႏိုင္ငံက အသက္ (၂၁)ႏွစ္အ႐ြယ္ Rajo Verma ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ခင္ပြန္းသည္ (၅)ဦးနဲ႔ အလွည့္က် တစ္ညစီအိပ္ၿပီး ၎ခင္ပြန္းျဖစ္သူ (၅)ဦးစလုံးကလည္း ညီအစ္ကိုအရင္းေတြျဖစ္တယ္လို႔ သိရပါတယ္။

ဘယ္ေလာက္ထိေတာင္ အေျခအေနဆိုးလဲဆိုရင္ Rajo ရဲ႕ ရင္ခြင္ပိုက္ သားေလးဟာ ဘယ္အေဖနဲ႔ ေမြးတယ္ဆိုတာေတာင္ သူမ မသိပါဘူးလို႔ ေျပာျပပါတယ္။ ေနာက္ထပ္ Rajo က “ ကနဦးပိုင္းေတာ့ နည္းနည္းေၾကာင္ေတာင္ေတာင္ ျဖစ္သလို ခံစားခဲ့ရပါတယ္။ ဒါေပမယ့္ ဘယ္ေယာက်္ား တစ္ဦးတစ္ေလကိုမွ က်မက မ်က္ႏွာလိုက္တယ္ဆိုတာ မရွိဘူး ” လို႔ ေျပာပါတယ္။

Rajo Verma နဲ႔ ပထမဦးဆုံး လက္ထပ္ခဲ့တဲ့သူကေတာ့ Guddu ဆိုတဲ့ အမ်ိဳးသားက “ က်ေနာ္တို႔ အားလုံးက သူနဲ႔ လိင္ဆက္ဆံေနတာပဲ၊ ဒါေပမယ့္ က်ေနာ္တို႔မွာ မနာလိုစိတ္ မရွိဘူး။ က်ေနာ္တို႔က တကယ့္မိသားစုႀကီးျဖစ္ေနတာကိုး ” လို႔ ေျပာပါတယ္။ သူတို႔ (၂)ဦးကေတာ့ လြန္ခဲ့တဲ့ (၄)ႏွစ္ေလာက္က ဟိႏၵဴ႐ိုးရာအရ လက္ထပ္ေပါင္းသင္းခဲ့ၾကတာပါ။

သူတို႔ ႐ြာရဲ႕ ဓေလ့ထုံးတမ္းအစဥ္အလာအရ Rajo Verma ဟာ မျဖစ္မေန သူပထမဆုံး ခင္ပြန္းျဖစ္သူရဲ႕ ညီအစ္ကိုေတြျဖစ္တဲ့ Bajju ( (၃၂)ႏွစ္၊ Sant Ram (၂၈)ႏွစ္၊ Gopal (၂၆)ႏွစ္၊ Dinesh (၁၇)ႏွစ္တို႔ကိုလည္း ခင္ပြန္းေတြအျဖစ္ လက္ထပ္ေပါင္းသင္းရပါတယ္။ အစ္ကိုအႀကီးျဖစ္တဲ့ Bajju ေျပာတာကေတာ့ “ က်ေနာ့္ မိန္းမအျဖစ္နဲ႔ သူ႔ကို စဥ္းစားပါတယ္။ ၿပီးေတာ့ က်ေနာ့္ညီေတြလိုပဲ သူနဲ႔ အိပ္တာပဲ ” လို႔ ေျပာပါတယ္။

Rajo Verma က ေရွး႐ိုးရာအေၾကာင္းနဲ႔ ပတ္သက္ၿပီး “ က်မ အေမတုန္းကလည္း ဒီလိုပဲ ညီအကို (၃)ေယာက္ကို လက္ထပ္ခဲ့တာပါ။ က်မ လက္ထပ္တုန္းကလည္း သူတို႔ ညီအကိုေတြ အားလုံးကို က်မ ခင္ပြန္းေတြအျဖစ္ က်မလက္ခံရမယ္ဆိုတာ က်မ သိၿပီးသားပါ ” လို႔ ဆိုပါတယ္။

“ က်မကေတာ့ သူတို႔နဲ႔ အလွည့္က် အိပ္တယ္။ က်မတို႔မွာက ကုတင္ေတြ၊ အိပ္ရာေတြ မရွိဘူးေလ။ ၾကမ္းျပင္ေပၚ ေစာင္ေတြ မ်ားမ်ား ခင္း လိုက္တာပဲ။ ၿပီးေတာ့ မယားေတြ အမ်ားႀကီးရွိတာမ်ိဳးထက္စာရင္ ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သက္လို႔ က်မက ပိုလို႔ေတာင္ ဂ႐ုစိုက္မႈ ခံရေသးတယ္ ” လို႔ Rajo က ေျပာျပခဲ့ပါတယ္။

Unicode

အိန္ဒိယနိုင်ငံက အသက် (၂၁)နှစ်အရွယ် Rajo Verma ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းသည် (၅)ဦးနဲ့ အလှည့်ကျ တစ်ညစီအိပ်ပြီး ၎င်းခင်ပွန်းဖြစ်သူ (၅)ဦးစလုံးကလည်း ညီအစ်ကိုအရင်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဘယ်လောက်ထိတောင် အခြေအနေဆိုးလဲဆိုရင် Rajo ရဲ့ ရင်ခွင်ပိုက် သားလေးဟာ ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမ မသိပါဘူးလို့ ပြောပြပါတယ်။ နောက်ထပ် Rajo က “ ကနဦးပိုင်းတော့ နည်းနည်းကြောင်တောင်တောင် ဖြစ်သလို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောကျ်ား တစ်ဦးတစ်လေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး ” လို့ ပြောပါတယ်။

Rajo Verma နဲ့ ပထမဦးဆုံး လက်ထပ်ခဲ့တဲ့သူကတော့ Guddu ဆိုတဲ့ အမျိုးသားက “ ကျနော်တို့ အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့မှာ မနာလိုစိတ် မရှိဘူး။ ကျနော်တို့က တကယ့်မိသားစုကြီးဖြစ်နေတာကိုး ” လို့ ပြောပါတယ်။ သူတို့ (၂)ဦးကတော့ လွန်ခဲ့တဲ့ (၄)နှစ်လောက်က ဟိန္ဒူရိုးရာအရ လက်ထပ်ပေါင်းသင်းခဲ့ကြတာပါ။

သူတို့ ရွာရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာအရ Rajo Verma ဟာ မဖြစ်မနေ သူပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ Bajju ( (၃၂)နှစ်၊ Sant Ram (၂၈)နှစ်၊ Gopal (၂၆)နှစ်၊ Dinesh (၁၇)နှစ်တို့ကိုလည်း ခင်ပွန်းတွေအဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။ အစ်ကိုအကြီးဖြစ်တဲ့ Bajju ပြောတာကတော့ “ ကျနော့် မိန်းမအဖြစ်နဲ့ သူ့ကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ ” လို့ ပြောပါတယ်။

Rajo Verma က ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်ပြီး “ ကျမ အမေတုန်းကလည်း ဒီလိုပဲ ညီအကို (၃)ယောက်ကို လက်ထပ်ခဲ့တာပါ။ ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီအကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ် ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ ” လို့ ဆိုပါတယ်။

“ ကျမကတော့ သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေ များများ ခင်း လိုက်တာပဲ။ ပြီးတော့ မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ် ” လို့ Rajo က ပြောပြခဲ့ပါတယ်။