(၉)ႏွစ္သားေလးကို ဖုန္းေပ်ာက္သြားလို႔ဆိုၿပီး ေသသည္အထိ႐ိုက္ႏွက္ခဲ့တဲ့ အေမ

0
192

တ႐ုတ္ႏိုင္ငံ Zhejiang ခ႐ိုင္တြင္းက Ming Ming လို႔ေခၚတဲ့ ေကာင္ေလးဟာ ဇန္နဝါရီ (၅)ရက္ေန႔က ညေန (၆)နာရီမွ (၁၁)နာရီအထိ (၅)နာရီၾကာေအာင္ အေမျဖစ္သူရဲ႕ ႐ိုက္ႏွက္မႈကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

Video မွတ္တမ္းေတြအရ ေကာင္ေလးတို႔ေနထိုင္တဲ့ Taizhou, Zhejiang တိုက္ခန္းမွ ေကာင္ေလးဟာ ဖုန္းကိုင္ၿပီး သူတို႔ေနအိမ္ကေန တဆင့္ ဓာတ္ေလွကားမွ ဆင္းလာခဲ့ပါတယ္။ အဲ့ေနာက္ Ming Ming ဟာ ဖုန္းကို ကိုင္ၿပီး ညေန(၃)နာရီေလာက္မွာ ပန္းၿခံထဲကို ဆင္းသြားကာ ပန္းၿခံထဲက ႏွင္းေတြကို ေဆာ့ကစားရင္း ဖုန္းေပ်ာက္သြားခဲ့ပါတယ္။ ကံဆိုးျခင္ေတာ့ ဖုန္းထဲမွာ ဆင္းကဒ္ထည့္မထားပါဘူး။

ဆင္းကဒ္မရွိပဲ ဖုန္းကိုရွာရင္ အခ်ိန္ေတာ္ေတာ္ေပးရမွာပါ။ ဒါနဲ႔ Ming Ming အေမက ဖုန္းေပ်ာက္တာလည္းသိေရာ သစ္သားတုတ္ကို ဆြဲၿပီး ႐ိုက္ေတာ့တာပါပဲ။ အေမျဖစ္သူဟာ ကေလးကို ပါးစပ္ပိတ္ၿပီး ႐ိုက္တာေၾကာင့္ ေဘးပတ္ဝန္းက်င္လူေတြ မသိခဲ့ပါဘူး။ အေမျဖစ္သူရဲ႕ ႐ိုက္ႏွက္ခ်က္ေၾကာင့္ Ming Ming ရဲ႕ ေခါင္း၊ ေျခေထာက္နဲ႔ တင္ပါးေနရာမွာ ဒဏ္ရာေတြ ညိဳမည္းေနတာ ေတြ႕ရပါတယ္။ ၿပီးေတာ့ လက္ေတြကလည္း ေရာင္ကိုင္းေနတာပါပဲ။ ဒါနဲ႔ ေဆးခန္းေခၚသြားေတာ့ ကေလးေသေနၿပီလို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေမျဖစ္သူကို ဇန္နဝါရီ (၁၁)ရက္ေန႔မွာ ရဲေတြက ဖမ္းဆီးခဲ့ပါတယ္။ တရားခြင္မွာေတာ့ Ming Ming အေမ Chen က (၅)နာရီၾကာေအာင္ေတာ့ သူ႔သားကိုမ႐ိုက္ခဲ့ပါဘူးလို႔ ထြက္ဆိုပါတယ္။ ဒါ့ျပင္ သူမဟာ ကေလးကို အျပစ္ေပးတဲ့အေနနဲ႔ ဘာအစာမွ မေကြၽးပဲ ေရအနည္းငယ္သာတိုက္တဲ့ နည္းကိုလည္း အသုံးျပဳတာေၾကာင့္ ေနာက္တစ္ေန႔မွာ ကေလးဟာ ၾကမ္းျပင္ေပၚမွာ လဲက်ေနခဲရတယ္လို႔လည္း သိရပါေသးတယ္။ ေနာက္ထပ္ ဘယ္လိုအေရးယူမႈေတြ လုပ္ဦးမယ္ဆိုတာေတာ့ ဆက္လက္မေဖာ္ျပထားပါဘူး။

Unicode

တရုတ်နိုင်ငံ Zhejiang ခရိုင်တွင်းက Ming Ming လို့ခေါ်တဲ့ ကောင်လေးဟာ ဇန်နဝါရီ (၅)ရက်နေ့က ညနေ (၆)နာရီမှ (၁၁)နာရီအထိ (၅)နာရီကြာအောင် အမေဖြစ်သူရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။

Video မှတ်တမ်းတွေအရ ကောင်လေးတို့နေထိုင်တဲ့ Taizhou, Zhejiang တိုက်ခန်းမှ ကောင်လေးဟာ ဖုန်းကိုင်ပြီး သူတို့နေအိမ်ကနေ တဆင့် ဓာတ်လှေကားမှ ဆင်းလာခဲ့ပါတယ်။ အဲ့နောက် Ming Ming ဟာ ဖုန်းကို ကိုင်ပြီး ညနေ(၃)နာရီလောက်မှာ ပန်းခြံထဲကို ဆင်းသွားကာ ပန်းခြံထဲက နှင်းတွေကို ဆော့ကစားရင်း ဖုန်းပျောက်သွားခဲ့ပါတယ်။ ကံဆိုးခြင်တော့ ဖုန်းထဲမှာ ဆင်းကဒ်ထည့်မထားပါဘူး။

ဆင်းကဒ်မရှိပဲ ဖုန်းကိုရှာရင် အချိန်တော်တော်ပေးရမှာပါ။ ဒါနဲ့ Ming Ming အမေက ဖုန်းပျောက်တာလည်းသိရော သစ်သားတုတ်ကို ဆွဲပြီး ရိုက်တော့တာပါပဲ။ အမေဖြစ်သူဟာ ကလေးကို ပါးစပ်ပိတ်ပြီး ရိုက်တာကြောင့် ဘေးပတ်ဝန်းကျင်လူတွေ မသိခဲ့ပါဘူး။ အမေဖြစ်သူရဲ့ ရိုက်နှက်ချက်ကြောင့် Ming Ming ရဲ့ ခေါင်း၊ ခြေထောက်နဲ့ တင်ပါးနေရာမှာ ဒဏ်ရာတွေ ညိုမည်းနေတာ တွေ့ရပါတယ်။ ပြီးတော့ လက်တွေကလည်း ရောင်ကိုင်းနေတာပါပဲ။ ဒါနဲ့ ဆေးခန်းခေါ်သွားတော့ ကလေးသေနေပြီလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေဖြစ်သူကို ဇန်နဝါရီ (၁၁)ရက်နေ့မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ တရားခွင်မှာတော့ Ming Ming အမေ Chen က (၅)နာရီကြာအောင်တော့ သူ့သားကိုမရိုက်ခဲ့ပါဘူးလို့ ထွက်ဆိုပါတယ်။ ဒါ့ပြင် သူမဟာ ကလေးကို အပြစ်ပေးတဲ့အနေနဲ့ ဘာအစာမှ မကျွေးပဲ ရေအနည်းငယ်သာတိုက်တဲ့ နည်းကိုလည်း အသုံးပြုတာကြောင့် နောက်တစ်နေ့မှာ ကလေးဟာ ကြမ်းပြင်ပေါ်မှာ လဲကျနေခဲရတယ်လို့လည်း သိရပါသေးတယ်။ နောက်ထပ် ဘယ်လိုအရေးယူမှုတွေ လုပ်ဦးမယ်ဆိုတာတော့ ဆက်လက်မဖော်ပြထားပါဘူး။