ဥေရာပအသင္းနဲ႔ ပထမဆုံး စတင္ ကန္သည့္ ပြဲမွာ အနိုင္ရရွိခဲ့တဲ့ ျမန္မာ “ပုဆိုး”ေဘာလုံးအသင္း. . .

0
598

ကမာၻမွာေတာ့ ႏိုင္ငံအသီးသီးမွာ ေရွးေဟာင္းအားကစားနည္းတခုအျဖစ္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကိုယ္ လုံးဝိုင္းတဲ့ အရာဝတၳဳေတြနဲ႔ ေဆာ့ကစားခဲ့ၾကတာဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ဝဝဝ ေက်ာ္ကတည္းက ရွိခဲ့တာပါပဲ။ ႐ိုးရာကစားနည္းေပါ့။

ျမန္မာမွာလည္း ရွိခဲ့တာပဲ။ တ႐ုတ္ကလည္း ဟန္မင္းဆက္ကာလ ၃ဝဝ ဘီစီေလာက္မွာ CUJU လို႔ေခၚတဲ့ ကစားနည္းဟာလည္း ေဘာလုံးပါပဲ။ ၾသစေၾတးလ်မွာလည္း ရွိခဲ့သလို ဂရိနဲ႔ ေရာမမွာလည္း ၄ဝဝ ဘီစီေလာက္ကတည္းက ရွိခဲ့တာပါ။

အေမရိကန္မွာလည္း ရွိခဲ့တာပဲ။ ဂ်ပန္ကေတာ့ တ႐ုတ္ရဲ႕ Cu Ju ကို ေမြးစားၿပီး ေအဒီ ၆ဝဝ ေလာက္ကစလို႔ Kemari လို႔ေခၚတဲ့ ေဘာလုံးကစားတာ ရွိခဲ့တယ္။ ႐ိုးရာကစားနည္းေတြေပါ့။

မ်က္ေမွာက္ ေဘာလုံးကစားပုံ နည္းစနစ္မ်ိဳးကိုေတာ့ ၁၈၂ဝ ျပည့္ႏွစ္မွာ အဂၤလိပ္တို႔ရဲ႕ လူထုဆိုင္ရာ စာသင္ေက်ာင္းေတြကေန အစျပဳခဲ့တယ္လို႔ ဆိုပါတယ္။

႐ိုးရာအားကစားကေန စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ၿပီး စနစ္က်တဲ့ အားကစားနည္းတရပ္အျဖစ္ အသြင္ေျပာင္းလိုက္တာကေတာ့ ကင္းဘရစ္တကၠသိုလ္က စတာပဲ။

ကင္းဘရစ္ကတဆင့္ လူထုစာသင္ေက်ာင္းေတြအထိ ပ်ံ႕ႏွံ႔လာခဲ့သလို အဂၤလိပ္တို႔ရဲ႕ ကိုလိုနီလက္အာက္ခံ ႏိုင္ငံေတြဆီကိုပါ ပ်ံ႕ႏွံ႔လာခဲ့ရာက ကမာၻ႔အားကစားနည္းစနစ္အျဖစ္ ေရာက္လာခဲ့တာပဲလို႔ ဟာ႐ိုးပါကင္က သူ႔ရဲ႕The International Journal of the history of Sport မွာ ေဖာ္ျပထားတယ္။

ဗမာမွာေတာ့ အခ်ိဳ႕ေသာ ပညာရွင္ေတြက ၁၈၇၈ မွာ ေရာက္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ ဒါထက္ ေစာပါတယ္။ ဗမာျပည္ကို ေဘာလုံးကစားနည္းနဲ႔ စတင္မိတ္ဆက္ေပးသူက ေဂ်ာ့စေကာ့ (George Scott) ပါ။ အဲဒီအခ်ိန္က သူဟာ ေက်ာင္းဆရာတဦး ျဖစ္တယ္။

၁၈၇၃ ခုႏွစ္မွာ ရန္ကုန္ စိန႔္ဂြၽန္းေကာလိပ္နဲ႔ ေမာ္လၿမိဳင္ စိန႔္ဂြၽန္းေက်ာင္းသားတို႔ ေဘာလုံးယွဥ္ၿပိဳင္ကစားၾကေၾကာင္းကို The Singapore Free Press ကို အေျခခံၿပီး Noel Singer က သူ ေရးသားခဲ့တဲ့ Old Rangoon, City of the Shwedagon စာအုပ္မွာ ေဖာ္ျပထားတယ္။

ဒါေၾကာင့္ ဗမာႏိုင္ငံကို ေဘာလုံးကစားနည္း စတင္ေရာက္တာဟာ ၁၈၇၂ ခုႏွစ္ဝန္းက်င္ေလာက္ ျဖစ္မယ္လို႔ ဆိုႏိုင္ပါတယ္။ အခုဆို ႏွစ္ေပါင္း ၁၅ဝ နီးပါး ရွိပါၿပီ။

၁၈၇၈ ခုႏွစ္ထဲမွာေတာ့ ဥေရာပသားေတြနဲ႔ ျမန္မာတို႔ ယွဥ္ၿပိဳင္ကစားႏိုင္တဲ့အဆင့္ ေရာက္ေနပါၿပီ။ အံ့ၾသစရာေကာင္းတာကေတာ့ ေဘာလုံးပြဲ စတင္ကစားတဲ့ပြဲမွာ ျမန္မာအသင္းက ဥေရာပအသင္းကို အႏိုင္ရလိုက္တာပါပဲ။

ျမန္မာအသင္းက ပြဲဦးထြက္မွာပဲ အႏိုင္ရလိုက္ေၾကာင္းကို Noel Singer က တခုတ္တရ မွတ္တမ္းတင္ေပးခဲ့တာကိုလည္း ေတြ႕ရပါတယ္။

၁၈၇၉ ခုႏွစ္ထဲမွာေတာ့ ေဘာလုံးအသင္း အေတာ္မ်ားမ်ား ရွိေနပါၿပီ။ အဲဒီအသင္းေတြထဲမွာ လူႀကိဳက္အမ်ားဆုံး အသင္းကေတာ့ “ပုဆိုးအသင္းနဲ႔ ေဘာင္းဘီအသင္း” လို႔ ဆိုပါတယ္။

ေနာက္ပိုင္းေတာ့ ဥေရာပသားမ်ားရဲ႕အသင္းကို “ၿမိဳ႕ေတာ္သားအသင္း” လို႔ ေခၚၿပီး ျမန္မာတို႔ရဲ႕ ပုဆိုးအသင္းကိုေတာ့ “ေက်ာင္းေတာ္သားအသင္း” လို႔ အမည္ေပးခဲ့ၾကတယ္။

ထုံးစံအတိုင္းပါပဲ။ ျမန္မာပရိသတ္ကေတာ့ ေက်ာင္းေတာ္သားတို႔ အသင္းကို အားေပးၾကတယ္။ ဂိုးေပါက္ထဲ ေဘာလုံးဝင္တိုင္း ေအာ္ဟစ္ျမဴးထူး အားေပးၾကရာမွာ ကိုယ့္လူဘက္ ဂိုးဝင္လည္း အားေပး၊ ဟိုဘက္ဂိုးဝင္လည္း အားေပးေပါ့။

ဂိုးဝင္သမွ် ေက်ာင္းေတာ္သားတို႔ပဲ အႏိုင္ရတယ္ ထင္ဟန္ရွိပုံပါပဲ။ ေၾသာ္ ဒါလည္း အျပစ္မဆိုသာဘူး။ အာရွမွာေတာ့ ဗမာ့ေျမေပၚမွာ ေဘာလုံးဆိုတာ ပထမဆုံး စတင္ခဲ့တာ မဟုတ္ပါလားဗ်ာ။crd

ကိုးကား- Wikipedia
Noel Singer ; Old Rangoon , City of the Shwedagon

(Unicodeျဖင့္ ဖတ္ရန္)

ကမ္ဘာမှာတော့ နိုင်ငံအသီးသီးမှာ ရှေးဟောင်းအားကစားနည်းတခုအဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ် လုံးဝိုင်းတဲ့ အရာဝတ္ထုတွေနဲ့ ဆော့ကစားခဲ့ကြတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းက ရှိခဲ့တာပါပဲ။ ရိုးရာကစားနည်းပေါ့။

မြန်မာမှာလည်း ရှိခဲ့တာပဲ။ တရုတ်ကလည်း ဟန်မင်းဆက်ကာလ ၃ဝဝ ဘီစီလောက်မှာ CUJU လို့ခေါ်တဲ့ ကစားနည်းဟာလည်း ဘောလုံးပါပဲ။ သြစတြေးလျမှာလည်း ရှိခဲ့သလို ဂရိနဲ့ ရောမမှာလည်း ၄ဝဝ ဘီစီလောက်ကတည်းက ရှိခဲ့တာပါ။

အမေရိကန်မှာလည်း ရှိခဲ့တာပဲ။ ဂျပန်ကတော့ တရုတ်ရဲ့ Cu Ju ကို မွေးစားပြီး အေဒီ ၆ဝဝ လောက်ကစလို့ Kemari လို့ခေါ်တဲ့ ဘောလုံးကစားတာ ရှိခဲ့တယ်။ ရိုးရာကစားနည်းတွေပေါ့။

မျက်မှောက် ဘောလုံးကစားပုံ နည်းစနစ်မျိုးကိုတော့ ၁၈၂ဝ ပြည့်နှစ်မှာ အင်္ဂလိပ်တို့ရဲ့ လူထုဆိုင်ရာ စာသင်ကျောင်းတွေကနေ အစပြုခဲ့တယ်လို့ ဆိုပါတယ်။

ရိုးရာအားကစားကနေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး စနစ်ကျတဲ့ အားကစားနည်းတရပ်အဖြစ် အသွင်ပြောင်းလိုက်တာကတော့ ကင်းဘရစ်တက္ကသိုလ်က စတာပဲ။

ကင်းဘရစ်ကတဆင့် လူထုစာသင်ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့သလို အင်္ဂလိပ်တို့ရဲ့ ကိုလိုနီလက်အာက်ခံ နိုင်ငံတွေဆီကိုပါ ပျံ့နှံ့လာခဲ့ရာက ကမ္ဘာ့အားကစားနည်းစနစ်အဖြစ် ရောက်လာခဲ့တာပဲလို့ ဟာရိုးပါကင်က သူ့ရဲ့The International Journal of the history of Sport မှာ ဖော်ပြထားတယ်။

ဗမာမှာတော့ အချို့သော ပညာရှင်တွေက ၁၈၇၈ မှာ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒါထက် စောပါတယ်။ ဗမာပြည်ကို ဘောလုံးကစားနည်းနဲ့ စတင်မိတ်ဆက်ပေးသူက ဂျော့စကော့ (George Scott) ပါ။ အဲဒီအချိန်က သူဟာ ကျောင်းဆရာတဦး ဖြစ်တယ်။

၁၈၇၃ ခုနှစ်မှာ ရန်ကုန် စိန့်ဂျွန်းကောလိပ်နဲ့ မော်လမြိုင် စိန့်ဂျွန်းကျောင်းသားတို့ ဘောလုံးယှဉ်ပြိုင်ကစားကြကြောင်းကို The Singapore Free Press ကို အခြေခံပြီး Noel Singer က သူ ရေးသားခဲ့တဲ့ Old Rangoon, City of the Shwedagon စာအုပ်မှာ ဖော်ပြထားတယ်။

ဒါကြောင့် ဗမာနိုင်ငံကို ဘောလုံးကစားနည်း စတင်ရောက်တာဟာ ၁၈၇၂ ခုနှစ်ဝန်းကျင်လောက် ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ အခုဆို နှစ်ပေါင်း ၁၅ဝ နီးပါး ရှိပါပြီ။

၁၈၇၈ ခုနှစ်ထဲမှာတော့ ဥရောပသားတွေနဲ့ မြန်မာတို့ ယှဉ်ပြိုင်ကစားနိုင်တဲ့အဆင့် ရောက်နေပါပြီ။ အံ့သြစရာကောင်းတာကတော့ ဘောလုံးပွဲ စတင်ကစားတဲ့ပွဲမှာ မြန်မာအသင်းက ဥရောပအသင်းကို အနိုင်ရလိုက်တာပါပဲ။

မြန်မာအသင်းက ပွဲဦးထွက်မှာပဲ အနိုင်ရလိုက်ကြောင်းကို Noel Singer က တခုတ်တရ မှတ်တမ်းတင်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

၁၈၇၉ ခုနှစ်ထဲမှာတော့ ဘောလုံးအသင်း အတော်များများ ရှိနေပါပြီ။ အဲဒီအသင်းတွေထဲမှာ လူကြိုက်အများဆုံး အသင်းကတော့ “ပုဆိုးအသင်းနဲ့ ဘောင်းဘီအသင်း” လို့ ဆိုပါတယ်။

နောက်ပိုင်းတော့ ဥရောပသားများရဲ့အသင်းကို “မြို့တော်သားအသင်း” လို့ ခေါ်ပြီး မြန်မာတို့ရဲ့ ပုဆိုးအသင်းကိုတော့ “ကျောင်းတော်သားအသင်း” လို့ အမည်ပေးခဲ့ကြတယ်။

ထုံးစံအတိုင်းပါပဲ။ မြန်မာပရိသတ်ကတော့ ကျောင်းတော်သားတို့ အသင်းကို အားပေးကြတယ်။ ဂိုးပေါက်ထဲ ဘောလုံးဝင်တိုင်း အော်ဟစ်မြူးထူး အားပေးကြရာမှာ ကိုယ့်လူဘက် ဂိုးဝင်လည်း အားပေး၊ ဟိုဘက်ဂိုးဝင်လည်း အားပေးပေါ့။

ဂိုးဝင်သမျှ ကျောင်းတော်သားတို့ပဲ အနိုင်ရတယ် ထင်ဟန်ရှိပုံပါပဲ။ သြော် ဒါလည်း အပြစ်မဆိုသာဘူး။ အာရှမှာတော့ ဗမာ့မြေပေါ်မှာ ဘောလုံးဆိုတာ ပထမဆုံး စတင်ခဲ့တာ မဟုတ်ပါလားဗျာ။crd

ကိုးကား- Wikipedia
Noel Singer ; Old Rangoon , City of the Shwedagon