(၁) ယူရိုနဲ႔ အလကားနီးပါး အိမ္ေတြေပးေနတဲ့ အီတလီက စစ္စလီကြ်န္း

0
110

အီတလီႏိုင္ငံက စစ္စလီကြ်န္းမွာ ႏွစ္လိုဖြယ္ေကာင္းေပမယ့္ အနည္းငယ္ ျပန္လည္ျပဳျပင္ဖို႔ လိုအပ္ေနတဲ့ အိမ္ေတြကို (၁) ယူရိုထဲနဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ေရာင္းခ်မယ့္ ေနရာေလးကေတာ့ ဆန္ဗ်ဴကာရြာေလးမွာ ျဖစ္ၿပီး ၄င္းရြာေလးက ႏွစ္ေပါင္းမ်ားစြာ လူဦးေရ ေလ်ာ့နည္းလာမႈကို ခံစားခဲ့ရတာပါ။ စစ္စလီကြ်န္းၿမိဳ႕၀န္ကေတာ့ အိမ္ေတြကို အလကားနီးနီးေပးၿပီး (၃) ႏွစ္အတြင္းမွာ ျပန္လည္ျပဳျပင္ၿပီး ေနထိုင္ၾကဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဆိုပါတယ္။

  

ၿမိဳ႕ေတာ္၀န္ရဲ႕ အိမ္ေရာင္းစီမံခ်က္နဲ႔ ပတ္သက္လို႔ သတင္းေတြ ထြက္လာၿပီးေနာက္မွာ ရာေပါင္း ေထာင္ေပါင္းမ်ားစြာေသာ လူေတြက အိမ္ေတြကို ၀ယ္ယူဖို႔ ေလွ်ာက္လႊာတင္ခဲ့ၾကပါတယ္။ ဆန္ဗ်ဴကာရြာေလးက နယ္နယ္ရရေတာ့ မဟုတ္ပါဘူး။ သူက (၂၀၁၆) ခုႏွစ္မွာ အီတလီရဲ႕ အလွဆံုးရြာေလးအျဖစ္ မွတ္တမ္း၀င္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ရြာမွာေနထိုင္သူဦးေရက တစစနဲ႔ နည္းပါးလာတာေၾကာင့္ ရြာအိမ္ေတာ္ေတာ္မ်ားမ်ားက အခြံလြတ္ၾကီးေတြသာ ျဖစ္ေနပါတယ္။

တကယ္လို႔မ်ား အိမ္ခြံလြတ္ေတြကို ေစ်းေပါေပါနဲ႔ ေရာင္းႏိုင္မယ္၊ အိမ္ပိုင္ရွင္အသစ္ေတြကလည္း အိမ္ကို ျပန္ၿပီး ျပင္ျပင္ဆင္ဆင္ႏိုင္မယ္ဆိုရင္ ရြာမွာ လူဦးေရ ေခါင္ခိုက္ေနတဲ့ ျပႆနာကို ေျဖရွင္းၿပီး ျဖစ္မယ့္အျပင္ ရြာဟာလည္း လူဦးေရစည္စည္ကားကားနဲ႔ ျပန္လည္စိုေျပလာမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ဒါေပမယ့္ ရြာခံအိမ္ေတြက ႏွစ္ေပါင္းမ်ားစြာ အစြန္႔ပစ္ခံထားရတာမို႔ ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္ေအာင္ ျပန္လည္ျပဳျပင္ေနထိုင္ႏို္င္ဖို႔ အမ်ားၾကီး လိုအပ္ေနပါတယ္။

တစ္ယူရိုတန္ အိမ္၀ယ္ယူမႈမွာ စေပၚေငြ ယူရို ငါးေထာင္(ျမန္မာက်ပ္ ၈၆ သိန္း၀န္းက်င္) နဲ႔အတူ အိမ္ေဟာင္းျပန္လည္ျပင္ဆင္ဖို႔အတြက္ အနည္းဆံုး ယူရိုတစ္ေသာင္းခြဲ (ျမန္မာက်ပ္ သိန္း ၂၆၀ ၀န္းက်င္) ကို သံုးစြဲရမွာ ျဖစ္ပါတယ္။ အိမ္ျပန္လည္ျပင္ဆင္မႈဟာ (၃) ႏွစ္အတြင္း ၿပီးစီးရမွာျဖစ္ၿပီး အိမ္ျပင္ဆင္ၿပီးတဲ့ အခါမွာေတာ့ စေပၚေငြကို ျပန္လည္ရရွိမွာ ျဖစ္ပါတယ္။ ၄င္း စီမံခ်က္ကိုေတာ့ “Case1Euro” လို႔ သိၾကၿပီး ၿပီးခဲ့တဲ့အပတ္ကစလို႔ အိမ္ေရာင္းခ်ခဲ့ရာမွာ တစ္ေန႔တည္းနဲ႔တင္ ေလွ်ာက္လႊာေပါင္း (၃၉,၀၀၀) ကို လက္ခံရရွိခဲ့ေၾကာင္း သိရပါတယ္။

Ref: Dailymail

Unicode

အီတလီနိုင်ငံက စစ်စလီကျွန်းမှာ နှစ်လိုဖွယ်ကောင်းပေမယ့် အနည်းငယ် ပြန်လည်ပြုပြင်ဖို့ လိုအပ်နေတဲ့ အိမ်တွေကို (၁) ယူရိုထဲနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ရောင်းချမယ့် နေရာလေးကတော့ ဆန်ဗျူကာရွာလေးမှာ ဖြစ်ပြီး ၎င်းရွာလေးက နှစ်ပေါင်းများစွာ လူဦးရေ လျော့နည်းလာမှုကို ခံစားခဲ့ရတာပါ။ စစ်စလီကျွန်းမြို့ဝန်ကတော့ အိမ်တွေကို အလကားနီးနီးပေးပြီး (၃) နှစ်အတွင်းမှာ ပြန်လည်ပြုပြင်ပြီး နေထိုင်ကြဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

မြို့တော်ဝန်ရဲ့ အိမ်ရောင်းစီမံချက်နဲ့ ပတ်သက်လို့ သတင်းတွေ ထွက်လာပြီးနောက်မှာ ရာပေါင်း ထောင်ပေါင်းများစွာသော လူတွေက အိမ်တွေကို ဝယ်ယူဖို့ လျှောက်လွှာတင်ခဲ့ကြပါတယ်။ ဆန်ဗျူကာရွာလေးက နယ်နယ်ရရတော့ မဟုတ်ပါဘူး။ သူက (၂၀၁၆) ခုနှစ်မှာ အီတလီရဲ့ အလှဆုံးရွာလေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရွာမှာနေထိုင်သူဦးရေက တစစနဲ့ နည်းပါးလာတာကြောင့် ရွာအိမ်တော်တော်များများက အခွံလွတ်ကြီးတွေသာ ဖြစ်နေပါတယ်။

တကယ်လို့များ အိမ်ခွံလွတ်တွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်မယ်၊ အိမ်ပိုင်ရှင်အသစ်တွေကလည်း အိမ်ကို ပြန်ပြီး ပြင်ပြင်ဆင်ဆင်နိုင်မယ်ဆိုရင် ရွာမှာ လူဦးရေ ခေါင်ခိုက်နေတဲ့ ပြဿနာကို ဖြေရှင်းပြီး ဖြစ်မယ့်အပြင် ရွာဟာလည်း လူဦးရေစည်စည်ကားကားနဲ့ ပြန်လည်စိုပြေလာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ရွာခံအိမ်တွေက နှစ်ပေါင်းများစွာ အစွန့်ပစ်ခံထားရတာမို့ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြန်လည်ပြုပြင်နေထိုင်နိုင်ဖို့ အများကြီး လိုအပ်နေပါတယ်။

တစ်ယူရိုတန် အိမ်ဝယ်ယူမှုမှာ စပေါ်ငွေ ယူရို ငါးထောင်(မြန်မာကျပ် ၈၆ သိန်းဝန်းကျင်) နဲ့အတူ အိမ်ဟောင်းပြန်လည်ပြင်ဆင်ဖို့အတွက် အနည်းဆုံး ယူရိုတစ်သောင်းခွဲ (မြန်မာကျပ် သိန်း ၂၆၀ ဝန်းကျင်) ကို သုံးစွဲရမှာ ဖြစ်ပါတယ်။ အိမ်ပြန်လည်ပြင်ဆင်မှုဟာ (၃) နှစ်အတွင်း ပြီးစီးရမှာဖြစ်ပြီး အိမ်ပြင်ဆင်ပြီးတဲ့ အခါမှာတော့ စပေါ်ငွေကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ၎င်း စီမံချက်ကိုတော့ “Case1Euro” လို့ သိကြပြီး ပြီးခဲ့တဲ့အပတ်ကစလို့ အိမ်ရောင်းချခဲ့ရာမှာ တစ်နေ့တည်းနဲ့တင် လျှောက်လွှာပေါင်း (၃၉,၀၀၀) ကို လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

Ref: Dailymail